လေးစားချစ်ခင်ရပါသော Eat Happy ဝန်ထမ်းများ ရှင့်,

၀န်ထမ်းတစ်ဦးစီတိုင်း၏ လုံလ ဝီရိယ အပြည့်စိုက်ထုတ်ခဲ့သည့် ၂၀၂၃ ခုနှစ် အတွက် ကျွန်မ အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Eat Happy လုပ်ငန်းစု ၏ အောင်မြင်မှုနှင့် ယနေ့တိုင် ရည်ရှည်တ ည်တံ့နေမှုမှာ ၀န်ထမ်းတဦးစီတိုင်း၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပါသည်။  အောင်မြင်သော လုပ်ငန်းစုတစ်ခု၏ ပင်မအရင်းအမြစ်မှာ ၀န်ထမ်းများ ဖြစ်သည့်အားလျော်စွာ Eat Happy မိသားစု အစိတ်အပိုင်းအဖြစ် သင်တို့ တစ်ဦးတ‌စ်ယောက်ချင်းစီ ယနေ့အချိန်ထိ ပါဝင်နေသည် ကို ကျွန်မ အနေဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူရပါသည်။

၁၀.၀၂.၂၀၂၄ ခုနှစ်တွင် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူး အချိန်အခါပွဲတော် ကို ကျင်းပမည် ဖြစ်ပါသည်။ ယခုနှစ် ၂၀၂၄ ခုနှစ် သည် တရုတ်ရိုးရာ နဂါးနှစ် သို့ကျရောက်ပါသည်။  „ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်အခါသမ ဖြစ်ပါစေ“

နဂါးနှစ် သည် ကောင်းသောစွမ်းအားများ နှင့် ပြည့်စုံသော နှစ်တစ်နှစ်ဖြစ်ပါသည် ။ နဂါးနှစ် ၏ ပြရုပ် သည် ကြံ့ခိုင်ခြင်း၊ ရဲရင့်ခြင်း၊ ဉာဏ်ပညာပြည့်စုံခြင်း နှင့် တီထွင်ကြံဆနိုင်စွမ်းကြီးမားခြင်းတို့နှင့် ဖွဲ့စည်းထားပါသည်။ နဂါးနှစ်သည် အသစ်စတင်ခြင်း တိုးတက်ဖွင့်ဖြိုးခြင်း တို့ကို ပူးပေါင်းဖွဲ့စည်းထားသေးသည်။ အနှောင့်အယှက်၊အနှောင်အဖွဲ့ များ အားလုံး ကို ကျွန်မတို့ အားလုံး သည် နဂါးနှစ် ၏ အစွမ်းဖြင့် အောင်မြင်ကျော်လွှား နိုင်ပါလိမ့်မည်။
၀ါသနာ၊စေတနာ အရင်းခံသည့် ကြီးကျယ်မြင့်မြတ်သည့် နဂါးတကောင် ကဲ့သို့ စွမ်းအားများကို  Eat Happy တန်ဖိုး တစ်ခုအဖြစ် ယခုနှစ်ကို သတ်မှတ်လိုက်ပါသည်။

ယခုနှစ် အတွက် ကျွန်မတို့ Eat Happy ၏ ဆောင်ပုဒ် ဖြစ်သော „Passion(၀ါသနာ၊စေတနာ)“ သည် ၀န်ထမ်း တစ်ဦးစီတိုင်း ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မီးမောင်းထိုးပြပေလိမ့်မည်။ ၀န်ထမ်းတစ်ဦးစီတိုင်း သည် နေ့စဉ်လုပ်ငန်းဆောင်တာ များကို „Passion“(စေတနာ ၀ါသနာ) တို့အရင်းခံ၍ ပြုလုပ်နိုင်ပါလျှင် လုပ်ငန်းခွင် (ဆိုင်) အသင်းအဖွဲ့ နှင့် စားသုံးသူတိုင်း သည် ကျွန်ပ်တို့၏ ကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှု ထိတွေ့ခံစားနိုင်ပါလိမ့်မည်။

၀န်ထမ်းအားလုံး၏ Eat Happy အပေါ် ယုံကြည်မှုနှင့် ယနေ့ထက်တိုင် လက်တွဲပူးပေါင်း ပါ၀င်ဆောင်ရွက်နေမှု အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

၀န်ထမ်းများနှင့် ၀န်ထမ်းများ၏ မိသားစု များကို နှစ်သစ်မှာ ကျန်းမာြခင်း ပျော်ရွှင်ခြင်းနှင့် ချမ်းသာခြင်းတို့ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ Eat Happyလုပ်ငန်းစု ကိုယ်စား ကျွန်မအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပျော်ရွှင်ချမ်းမြေ့သော တရုတ်နှစ်သစ်ကူး အခါသမ ဖြစ်ပါစေ။ ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ။

လေးစားစွာဖြင့်

သင်တို့၏ Natascha Tessmann

Play Video

Select your Language